Wednesday, August 1, 2018

စနစ်​သစ်​ Grade - 1 ပဌာန်းစာအုပ်​ Pdf

(၁) မြန်​မာဖတ်​စာ Download
http://www.mediafire.com/file/bss9nriu1sz3isx/1.MYANMAR.pdf/file

(၂) အင်္ဂလိပ်​စာ Download
http://www.mediafire.com/file/6mfot8wri5tbnap/2.ENGLISH.pdf/file

(၃) သင်္ချာ Download
http://www.mediafire.com/file/jnbb5cy80x10185/3.MATHEMATICS.pdf/file

(၄) သိပ္ပံ Download
http://www.mediafire.com/file/z5ao3hkw7r4c4ao/4.SCIENCE.pdf/file

(၅) လူမှုရေး Download
http://www.mediafire.com/file/zmcj8vjsbbo6f9l/5.SOCIAL.pdf/file

(၆) စာရိတ္တ နှင့် ပြည်သူ့နီတိ Download
http://www.mediafire.com/file/q2dmd9d8fmm6l76/6.M%2526C.pdf/file

Monday, July 30, 2018

ကလေးဦးနှောက် ဖွံ့ဖြိုးဖို့ အကောင်းဆုံး အစားအသောက် (၁၀) မျိုး

ကလေးဦးနှောက် ဖွံ့ဖြိုးဖို့ အကောင်းဆုံး အစားအသောက် (၁၀) မျိုး
@@@@@@@@@@@@@@@@@@@@@@@@@@@@

မိခင်နို့နှင့် အောက်ပါစားစရာများတွင် ပါဝင်သော အာဟာရဓာတ်များသည် ဦးနှောက်ကြီးထွားမှု၊ ဦးနှောက်၏နေ့စဉ်လုပ်ငန်းဆောင်တာများအတွက်သာမက အာရုံကြောများအချင်းချင်း အကျိုးတူ တွဲဖက် အလုပ်လုပ်စေရန် မရှိမဖြစ်လိုအပ်ပါသည်။ ဦးနှောက်နှင့် အာရုံကြောများမှ ကလာပ်စည်းများ မပျက်စီးအောင်လည်း ကာကွယ်ပေးပါသည်။

(၁) မိခင်နို့
🔺အာဟာရပြည့်ဝအောင်စားသော မိခင်တစ်ဦး၏ နို့ရည်က မွေးကင်းစကလေးဦးနှောက်ဖွံဖြိုးဖို့ အကောင်းဆုံးဖြစ်သည်။

(၂) အဆီမပါသော အသား
🔺ကြော်၊ ချက်၊ နှပ်၊ ပြုတ်၊ ပေါင်း၊ ကင်နိုင်သည်။ အသားမှရသော သံဓာတ်နှင့် ဇင့်က မှတ်သားဉာဏ်နှင့် အာရုံစူးစိုက်ဖို့ အရေးကြီးသော လိုအပ်ချက်ဖြစ်သည်။

(၃) လတ်ဆတ်သော ဆယ်လ်မွန်ငါး
🔺ဆယ်လ်မွန်ငါး မရှိသော အရပ်တွင်နေလျှင် ဝယ်လို့ရသော ငါးသေတ္တာငါး၊ တူနာငါး၊ ငါးမြင်း၊ ငါးကြင်းစသည်တို့ကို ကျွေးနိုင်ပါသည်။ ငါးကို ဆီထဲနှစ်ပြီး ကြာရှည်စွာ ကြော်လျှင် ဦးနှောက်ကြီးထွားမှုကို အကျိုးပြုသော အိုမီဂါ-၃ အဆီဓာတ် ပျက်စီးနိုင်၍ ပေါင်းခြင်း၊ ကင်ခြင်းက ပိုသင့်လျော်ပါသည်။

(၄) ကြက်ဥ၊ ငုံးဥ
🔺ရောဂါပိုးမပါစေရန် ကြက်ဥ၊ ငုံးဥကို ကျက်အောင်ပြုတ်ပါ။

(၅) ပဲအမျိုးမျိုး
🔺ပဲတီစိမ်း၊ ပဲနီလေး၊ ပဲဝါလေး၊ ပဲကြီး၊ ကုလားပဲ၊ ပဲကတ္တီပါ၊ ကျောက်ကပ်ပုံပဲ စသည်တို့အားလုံး အကျုံးဝင်သည်။

(၆) ဝါစိမ်းနီ ဟင်းသီးနှင့်ဟင်းရွက်များ
🔺အထူးသဖြင့် broccoli ဟုခေါ်သော ပန်းဂေါ်ဖီစိမ်းက ကောင်းသည်။ ဟင်းရွက်များကို ပွက်ပွက်ဆူရေတွင် ကြာရှည်စွာ ပြုတ်ခြင်း၊ ဖိအားများသော ပေါင်းအိုးတွင် ချက်ခြင်းက အာဟာရဓာတ်ဆုံးရှုံးနိုင်၍ မီးပြင်းပြင်းနှင့် အချိန်တိုတွင်း ကြော်ချက်ခြင်းက ပိုကောင်းသည်။

(၇) အရောင်စုံ သစ်သီးများ
🔺ဥပမာ ငှက်ပျောသီး၊ စတော်ဘယ်ရီ၊ ပန်းသီး၊ စပျစ်သီးနီ၊ စပျစ်သီးအစိမ်းရောင်

(၈) နို့ထွက်ပစ္စည်းများ
🔺နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ များကို မပျက်အောင် ရေခဲသေတ္တာထဲ သိမ်းဆည်းပါ။

(၉) အခွံမာသီးနှင့် အစေ့အဆံ
🔺မြေပဲ၊ နေကြာစေ့၊ ကွာစေ့၊ သီဟိုဠ်စေ့၊ သစ်ကြားသီးစသည်တို့ဖြစ်သည်။ မမျိုတတ်သော ကလေးကိုတော့ မကျွေးပါနှင့်။

(၁၀) သောက်ရေ
🔺သောက်ရေတွင် အာဟာရမပါသော်လည်း ဦးနှောက်ထဲ အောက်ဆီဂျင်ရဖို့ရာ သွေးလည်ပတ်မှု ကောင်းစေရန် အရေးကြီးပါသည်။

⛔️အသင့်သောက်သုံးဖို့ ရောင်းချထုတ်လုပ်သော ကြက်ပေါင်းရည်က ဦးနှောက်အားကောင်းစေသည်ဟု ကြော်ငြာသော်လည်း သိပ္ပံကျန်းမာရေးပညာတွင် မှန်ကန်ကြောင်း လက်ခံမှု မရှိသေးပါ။

#နေနေမိုးဆွေ (Child Health Myanmar Page)
Reference- SingHealth, Better Health Channel, Nutrition Australia

ကလေးနှင့် ဗိုက်တာမင် စီ


ကလေးနှင့် ဗိုက်တာမင်စီ

🍋(၁) သဘာဝဗိုက်တာမင်စီ သဘာဝဗိုက်တာမင်စီကို အာလူး၊ ရှောက်သီး၊ သံပုရာသီး၊ လိမ္မော်သီး၊ မာလကာသီး၊ ရှောက်ချိုသီး၊ ခရမ်းချဉ်သီး၊ ကျွဲကောသီး၊ ကီဝီသီး၊ စတော်ဘယ်ရီ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုတ်၊ ချဉ်ပေါင်ရွက် စသည်တို့မှ ရရှိသည်။ သဘာဝဗိုက်တာမင်က လိုတာထက်ပိုစားမိလျှင် အန္တရာယ်မရှိပါ။

🍊(၂) ဗိုက်တာမင် စီရဲ့ တာဝန် -ဗိုက်တာမင်စီက အရေပြားနှင့် အရိုးများကို ထောက်မပေးထားသော အရွတ်မျှင်များအတွက် မရှိမဖြစ်လိုသည်။ -အသားဓာတ်ကို အာဟာရအဖြစ်ပြောင်းလဲပေးရာတွင်ပါသည်။ -သွားနှင့်သွားဖုံးကျန်းမာရေးအတွက်လိုသည်။ -အရေပြားနှင့် ကိုယ်တွင်းအနာများ ကျက်စေသည်။ -ရောဂါပိုးကို ခုခံမှုစနစ်တွင်ပါဝင်သည်။ -အစာအိမ်နှင့်အူလမ်းကြောင်းမှ သံဓာတ်စုပ်ယူမှု အားကောင်းစေသည်။

🥝(၃) ဗိုက်တာမင်စီ တိုက်မလား ဗိုက်တာမင် စီ ဆေးပြားလေးများက သကြားလုံးအရသာနှင့်တူ၍ ကလေးအများစု ကြိုက်ကြသည်။ အာဟာရစုံလင်အောင်စားသော ကလေးတစ်ယောက်အတွက်တော့ အပိုတိုက်ဖို့မလိုပါ။ တိုက်လို၍၊ ကလေးကြိုက်၍ တိုက်လျှင်လည်း လွန်လွန်ကျွံကျွံမတိုက်လျှင် အန္တရာယ်မရှိပါ။ ကလေးအသက်အရွယ်လိုက် လိုအပ်ချက်အရ ထုတ်လုပ်သူက ထုတ်ထားပါလိမ့်မည်။ လိုအပ်ချက်ထက် တခါတရံပိုတိုက်မိလျှင် ကျောက်ကပ်က ဆီးထဲမှတဆင့် ထုတ်ပေး၍ ပြဿနာမရှိပါ။ သို့သော် ဆေးလုံးလေးများကို ပြဌာန်းထားသော dose ထက်အများကြီး ပိုသောက်ခြင်းက ရေရှည်ဖြစ်လာလျှင် ကျောက်ကပ်တွင် ကျောက်တည်တတ်သည်။ ဝမ်းသွားခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ အန်ခြင်း၊ ရင်ပူခြင်း၊ လေထိုးခြင်းတို့ဖြစ်တတ်သည်။

🍓(၄) ဗိုက်တာမင်စီနှင့် တုပ်ကွေး ၁၉၇၀ ကတည်းက ကမ္ဘာ့နိုင်ငံပေါင်းများစွာတွင် ဗိုက်တာမင်စီနှင့် တုပ်ကွေးဆက်နွယ်မှုကို သုတေသနပေါင်းများစွာ လုပ်ခဲ့သည်။ ဗိုက်တာမင်စီက ကိုယ်ခံအားကို ယေဘုယျအားဖြင့် ကောင်းစေသော်လည်း အအေးမိနှာစေးပိုးနှင့် တုပ်ကွေးပိုးအမျိုးမျိုးကူးစက်ခံရနိုင်ချေ ရာခိုင်နှုန်းကို အမှန်တကယ် လျှော့ချပေးကြောင်း မတွေ့ရှိပါ။ တုပ်ကွေးပိုးကူးစက်ခံရလျှင် ဗိုက်တာမင်စီသောက်၍ ရောဂါလက္ခဏာပြင်းထန်မှုနှင့် ကြာရှည်မှုကို လျှော့ချပေးကြောင်းမတွေ့ရှိပါ။

နေနေမိုးဆွေ (Child Health Myanmar)
Pictures- credits to Google Images Reference- Cochrane Library, National Institute of Health, USA, Health Direct: Australia Government

Saturday, July 28, 2018

ဘာကြောင့်ကလေးတွေကို W-Sitting ပေးမထိုင်သင့်သလဲ




ဘာကြောင့်ကလေးတွေကို W-Sitting ပေးမထိုင်သင့်သလဲ
 ===========================
ကလေးတွေတော်တော်များများ W-Sitting ပုံစံ ထိုင်လေ့ထိုင်ထရှိတတ်ကြပါတယ်။ အဲ့လိုအခါမျိုး မှာ မိဘတွေအနေနဲ့ အမှုမဲ့အမှတ်မဲ့မနေဘဲ ထိုင် တဲ့ပုံစံကိုပြောင်းပေးသင့်ပါတယ်။ ဘာကြောင့် ပြောင်းပေးသင့်သလဲဆိုတာလေးကို ဝေမျှပေး ပါရစေ။ W-Sitting ထိုင်ပုံထိုင်နည်းကြောင့် ကလေးတွေ မှာ ဖြစ်စေနိုင်တဲ့ဆိုးကျိုးတွေကတော့ -

၁။ အရိုးချွတ်ယွင်းမှုပြဿနာကို ဖြစ်ပေါ်စေခြင်း။
၂။ ကိုယ်နေဟန်ထားထိန်းညှိနိုင်ခြင်းဖွံ့ဖြိုးမှု နောက်ကျခြင်း။
၃။ ကြွက်သားကြီး ကြွက်သားငယ်တွေရဲ့ တစ်သန်ထဲဖွံ့ဖြိုးမှုကို နှောင့်နှေးစေခြင်းများကို ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် ကလေးရဲ့ တင်ပါးဆုံရိုး၊ တစ်ခေါက် ကွေးကြွက်သား၊ ဒူးဆစ်အတွင်းပိုင်းလှည့်နိုင်တဲ့ နေရာနဲ့ ခြေဖနှောင့် အပေါ်ပိုင်းကရိုးနုတွေပေါ်ကို ဖိအားတွေသက်ရောက်နေပါတယ်။ အဲ့ဒီဖိအား တွေကြောင့် အထက်မှာရေးခဲ့တဲ့ပြဿနာတွေ ဖြစ်နိုင်တဲ့အပြင် ခြေထောက်ခွင်သွားတာမျိုးတွေ ပါဖြစ်နိုင်ပါတယ်။ ပြီးတော့ ခြေထောက်နဲ့ တင်ပါးကြွက်သားတွေရဲ့သန်မာမှုနဲ့ ပူးပေါင်းလုပ် ဆောင်နိုင်မှုတွေကိုပါထိခိုက်နိုင်ပါတယ်။
ဒါကြောင့် ကလေးက W-Sitting ထိုင်နေပြီဆိုရင် ငြင်ငြင်သာသာနဲ့ တင်ပျဉ်ခွေထိုင်တဲ့ပုံစံ ဒါမှမဟုတ် ခြေထောက်စင်းထိုင်တဲ့ပုံစံမျိုးလေး တွေကိုပြောင်းပေးပါ။ နောက်တစ်ခုက သက် တောင့်သက်သာရှိမဲ့ ကလေးထိုင်ခုံလေးတွေပေါ် မှာထိုင်ခိုင်းတာမျိုးနဲ့ W-Sitting ထိုင်တဲ့အကျင့် ကိုဖျောက်ပေးနိုင်ပါတယ်ရှင်။

Su Yie Kyaw(YTTC) ထံမှ ဝေမျှလိုက်ပါတယ်ရှင်။

Tuesday, July 24, 2018

Sunday, July 22, 2018

Myanmar KG Songs

Myanmar KG Songs
http://www.mediafire.com/file/03ogc5ggg0ck2i9/Myanmar_KG_Songs.apk/file

ကလေးတို့အတွက် အင်္ဂလိပ်ကဗျာသီချင်းများ

ကလေးတို့အတွက်
အင်္ဂလိပ်ကဗျာသီချင်းများ
http://www.mediafire.com/file/ignaw5e1p36cbhi/001.mp4/file
http://www.mediafire.com/file/x88lic4v3dg55pg/002.mp4/file
http://www.mediafire.com/file/mbys00ury963uy6/003.mp4/file
http://www.mediafire.com/file/6on4n8b0ogwupr2/004.mp4/file
http://www.mediafire.com/file/4gt8qz5uq10uq4t/005.mp4/file
http://www.mediafire.com/file/1cf4l80yfwkocq6/007.mp4/file
http://www.mediafire.com/file/9z253k81n9n2z39/008.mp4/file
http://www.mediafire.com/file/j6e9vsqdh9wjmq5/009.mp4/file
http://www.mediafire.com/file/6p3db5uaqpm8vtq/010.mp4/file
http://www.mediafire.com/file/bg819hu1qcxdh2d/011.mp4/file
http://www.mediafire.com/file/56xxe061y5ao9ms/012.mp4/file
http://www.mediafire.com/file/7m46bes3lvatkig/%25E1%2580%259D%25E1%2580%259D%25E1%2580%25B1%25E1%2580%259C%25E1%2580%25B8%25E1%2580%259D%25E1%2580%25AD%25E1%2580%25AF%25E1%2580%2584%25E1%2580%25B9%25E1%2580%25B8%25E1%2580%259D%25E1%2580%25AD%25E1%2580%25AF%25E1%2580%2584%25E1%2580%25B9%25E1%2580%25B8%25E1%2580%25B1%25E1%2580%259B%25E1%2580%25B8_HD.mp4/file
http://www.mediafire.com/file/ph8d2aey9r1nri4/Old_MacDonald_Had_A_Farm_-_3D_Animation_English_Nursery_Rhymes_%2526_Songs_for_child_HD.mp4/file