Saturday, July 28, 2018

ဘာကြောင့်ကလေးတွေကို W-Sitting ပေးမထိုင်သင့်သလဲ




ဘာကြောင့်ကလေးတွေကို W-Sitting ပေးမထိုင်သင့်သလဲ
 ===========================
ကလေးတွေတော်တော်များများ W-Sitting ပုံစံ ထိုင်လေ့ထိုင်ထရှိတတ်ကြပါတယ်။ အဲ့လိုအခါမျိုး မှာ မိဘတွေအနေနဲ့ အမှုမဲ့အမှတ်မဲ့မနေဘဲ ထိုင် တဲ့ပုံစံကိုပြောင်းပေးသင့်ပါတယ်။ ဘာကြောင့် ပြောင်းပေးသင့်သလဲဆိုတာလေးကို ဝေမျှပေး ပါရစေ။ W-Sitting ထိုင်ပုံထိုင်နည်းကြောင့် ကလေးတွေ မှာ ဖြစ်စေနိုင်တဲ့ဆိုးကျိုးတွေကတော့ -

၁။ အရိုးချွတ်ယွင်းမှုပြဿနာကို ဖြစ်ပေါ်စေခြင်း။
၂။ ကိုယ်နေဟန်ထားထိန်းညှိနိုင်ခြင်းဖွံ့ဖြိုးမှု နောက်ကျခြင်း။
၃။ ကြွက်သားကြီး ကြွက်သားငယ်တွေရဲ့ တစ်သန်ထဲဖွံ့ဖြိုးမှုကို နှောင့်နှေးစေခြင်းများကို ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် ကလေးရဲ့ တင်ပါးဆုံရိုး၊ တစ်ခေါက် ကွေးကြွက်သား၊ ဒူးဆစ်အတွင်းပိုင်းလှည့်နိုင်တဲ့ နေရာနဲ့ ခြေဖနှောင့် အပေါ်ပိုင်းကရိုးနုတွေပေါ်ကို ဖိအားတွေသက်ရောက်နေပါတယ်။ အဲ့ဒီဖိအား တွေကြောင့် အထက်မှာရေးခဲ့တဲ့ပြဿနာတွေ ဖြစ်နိုင်တဲ့အပြင် ခြေထောက်ခွင်သွားတာမျိုးတွေ ပါဖြစ်နိုင်ပါတယ်။ ပြီးတော့ ခြေထောက်နဲ့ တင်ပါးကြွက်သားတွေရဲ့သန်မာမှုနဲ့ ပူးပေါင်းလုပ် ဆောင်နိုင်မှုတွေကိုပါထိခိုက်နိုင်ပါတယ်။
ဒါကြောင့် ကလေးက W-Sitting ထိုင်နေပြီဆိုရင် ငြင်ငြင်သာသာနဲ့ တင်ပျဉ်ခွေထိုင်တဲ့ပုံစံ ဒါမှမဟုတ် ခြေထောက်စင်းထိုင်တဲ့ပုံစံမျိုးလေး တွေကိုပြောင်းပေးပါ။ နောက်တစ်ခုက သက် တောင့်သက်သာရှိမဲ့ ကလေးထိုင်ခုံလေးတွေပေါ် မှာထိုင်ခိုင်းတာမျိုးနဲ့ W-Sitting ထိုင်တဲ့အကျင့် ကိုဖျောက်ပေးနိုင်ပါတယ်ရှင်။

Su Yie Kyaw(YTTC) ထံမှ ဝေမျှလိုက်ပါတယ်ရှင်။

No comments:

Post a Comment