Wednesday, August 1, 2018

စနစ်​သစ်​ Grade - 1 ပဌာန်းစာအုပ်​ Pdf

(၁) မြန်​မာဖတ်​စာ Download
http://www.mediafire.com/file/bss9nriu1sz3isx/1.MYANMAR.pdf/file

(၂) အင်္ဂလိပ်​စာ Download
http://www.mediafire.com/file/6mfot8wri5tbnap/2.ENGLISH.pdf/file

(၃) သင်္ချာ Download
http://www.mediafire.com/file/jnbb5cy80x10185/3.MATHEMATICS.pdf/file

(၄) သိပ္ပံ Download
http://www.mediafire.com/file/z5ao3hkw7r4c4ao/4.SCIENCE.pdf/file

(၅) လူမှုရေး Download
http://www.mediafire.com/file/zmcj8vjsbbo6f9l/5.SOCIAL.pdf/file

(၆) စာရိတ္တ နှင့် ပြည်သူ့နီတိ Download
http://www.mediafire.com/file/q2dmd9d8fmm6l76/6.M%2526C.pdf/file

Monday, July 30, 2018

ကလေးဦးနှောက် ဖွံ့ဖြိုးဖို့ အကောင်းဆုံး အစားအသောက် (၁၀) မျိုး

ကလေးဦးနှောက် ဖွံ့ဖြိုးဖို့ အကောင်းဆုံး အစားအသောက် (၁၀) မျိုး
@@@@@@@@@@@@@@@@@@@@@@@@@@@@

မိခင်နို့နှင့် အောက်ပါစားစရာများတွင် ပါဝင်သော အာဟာရဓာတ်များသည် ဦးနှောက်ကြီးထွားမှု၊ ဦးနှောက်၏နေ့စဉ်လုပ်ငန်းဆောင်တာများအတွက်သာမက အာရုံကြောများအချင်းချင်း အကျိုးတူ တွဲဖက် အလုပ်လုပ်စေရန် မရှိမဖြစ်လိုအပ်ပါသည်။ ဦးနှောက်နှင့် အာရုံကြောများမှ ကလာပ်စည်းများ မပျက်စီးအောင်လည်း ကာကွယ်ပေးပါသည်။

(၁) မိခင်နို့
🔺အာဟာရပြည့်ဝအောင်စားသော မိခင်တစ်ဦး၏ နို့ရည်က မွေးကင်းစကလေးဦးနှောက်ဖွံဖြိုးဖို့ အကောင်းဆုံးဖြစ်သည်။

(၂) အဆီမပါသော အသား
🔺ကြော်၊ ချက်၊ နှပ်၊ ပြုတ်၊ ပေါင်း၊ ကင်နိုင်သည်။ အသားမှရသော သံဓာတ်နှင့် ဇင့်က မှတ်သားဉာဏ်နှင့် အာရုံစူးစိုက်ဖို့ အရေးကြီးသော လိုအပ်ချက်ဖြစ်သည်။

(၃) လတ်ဆတ်သော ဆယ်လ်မွန်ငါး
🔺ဆယ်လ်မွန်ငါး မရှိသော အရပ်တွင်နေလျှင် ဝယ်လို့ရသော ငါးသေတ္တာငါး၊ တူနာငါး၊ ငါးမြင်း၊ ငါးကြင်းစသည်တို့ကို ကျွေးနိုင်ပါသည်။ ငါးကို ဆီထဲနှစ်ပြီး ကြာရှည်စွာ ကြော်လျှင် ဦးနှောက်ကြီးထွားမှုကို အကျိုးပြုသော အိုမီဂါ-၃ အဆီဓာတ် ပျက်စီးနိုင်၍ ပေါင်းခြင်း၊ ကင်ခြင်းက ပိုသင့်လျော်ပါသည်။

(၄) ကြက်ဥ၊ ငုံးဥ
🔺ရောဂါပိုးမပါစေရန် ကြက်ဥ၊ ငုံးဥကို ကျက်အောင်ပြုတ်ပါ။

(၅) ပဲအမျိုးမျိုး
🔺ပဲတီစိမ်း၊ ပဲနီလေး၊ ပဲဝါလေး၊ ပဲကြီး၊ ကုလားပဲ၊ ပဲကတ္တီပါ၊ ကျောက်ကပ်ပုံပဲ စသည်တို့အားလုံး အကျုံးဝင်သည်။

(၆) ဝါစိမ်းနီ ဟင်းသီးနှင့်ဟင်းရွက်များ
🔺အထူးသဖြင့် broccoli ဟုခေါ်သော ပန်းဂေါ်ဖီစိမ်းက ကောင်းသည်။ ဟင်းရွက်များကို ပွက်ပွက်ဆူရေတွင် ကြာရှည်စွာ ပြုတ်ခြင်း၊ ဖိအားများသော ပေါင်းအိုးတွင် ချက်ခြင်းက အာဟာရဓာတ်ဆုံးရှုံးနိုင်၍ မီးပြင်းပြင်းနှင့် အချိန်တိုတွင်း ကြော်ချက်ခြင်းက ပိုကောင်းသည်။

(၇) အရောင်စုံ သစ်သီးများ
🔺ဥပမာ ငှက်ပျောသီး၊ စတော်ဘယ်ရီ၊ ပန်းသီး၊ စပျစ်သီးနီ၊ စပျစ်သီးအစိမ်းရောင်

(၈) နို့ထွက်ပစ္စည်းများ
🔺နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ များကို မပျက်အောင် ရေခဲသေတ္တာထဲ သိမ်းဆည်းပါ။

(၉) အခွံမာသီးနှင့် အစေ့အဆံ
🔺မြေပဲ၊ နေကြာစေ့၊ ကွာစေ့၊ သီဟိုဠ်စေ့၊ သစ်ကြားသီးစသည်တို့ဖြစ်သည်။ မမျိုတတ်သော ကလေးကိုတော့ မကျွေးပါနှင့်။

(၁၀) သောက်ရေ
🔺သောက်ရေတွင် အာဟာရမပါသော်လည်း ဦးနှောက်ထဲ အောက်ဆီဂျင်ရဖို့ရာ သွေးလည်ပတ်မှု ကောင်းစေရန် အရေးကြီးပါသည်။

⛔️အသင့်သောက်သုံးဖို့ ရောင်းချထုတ်လုပ်သော ကြက်ပေါင်းရည်က ဦးနှောက်အားကောင်းစေသည်ဟု ကြော်ငြာသော်လည်း သိပ္ပံကျန်းမာရေးပညာတွင် မှန်ကန်ကြောင်း လက်ခံမှု မရှိသေးပါ။

#နေနေမိုးဆွေ (Child Health Myanmar Page)
Reference- SingHealth, Better Health Channel, Nutrition Australia

ကလေးနှင့် ဗိုက်တာမင် စီ


ကလေးနှင့် ဗိုက်တာမင်စီ

🍋(၁) သဘာဝဗိုက်တာမင်စီ သဘာဝဗိုက်တာမင်စီကို အာလူး၊ ရှောက်သီး၊ သံပုရာသီး၊ လိမ္မော်သီး၊ မာလကာသီး၊ ရှောက်ချိုသီး၊ ခရမ်းချဉ်သီး၊ ကျွဲကောသီး၊ ကီဝီသီး၊ စတော်ဘယ်ရီ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုတ်၊ ချဉ်ပေါင်ရွက် စသည်တို့မှ ရရှိသည်။ သဘာဝဗိုက်တာမင်က လိုတာထက်ပိုစားမိလျှင် အန္တရာယ်မရှိပါ။

🍊(၂) ဗိုက်တာမင် စီရဲ့ တာဝန် -ဗိုက်တာမင်စီက အရေပြားနှင့် အရိုးများကို ထောက်မပေးထားသော အရွတ်မျှင်များအတွက် မရှိမဖြစ်လိုသည်။ -အသားဓာတ်ကို အာဟာရအဖြစ်ပြောင်းလဲပေးရာတွင်ပါသည်။ -သွားနှင့်သွားဖုံးကျန်းမာရေးအတွက်လိုသည်။ -အရေပြားနှင့် ကိုယ်တွင်းအနာများ ကျက်စေသည်။ -ရောဂါပိုးကို ခုခံမှုစနစ်တွင်ပါဝင်သည်။ -အစာအိမ်နှင့်အူလမ်းကြောင်းမှ သံဓာတ်စုပ်ယူမှု အားကောင်းစေသည်။

🥝(၃) ဗိုက်တာမင်စီ တိုက်မလား ဗိုက်တာမင် စီ ဆေးပြားလေးများက သကြားလုံးအရသာနှင့်တူ၍ ကလေးအများစု ကြိုက်ကြသည်။ အာဟာရစုံလင်အောင်စားသော ကလေးတစ်ယောက်အတွက်တော့ အပိုတိုက်ဖို့မလိုပါ။ တိုက်လို၍၊ ကလေးကြိုက်၍ တိုက်လျှင်လည်း လွန်လွန်ကျွံကျွံမတိုက်လျှင် အန္တရာယ်မရှိပါ။ ကလေးအသက်အရွယ်လိုက် လိုအပ်ချက်အရ ထုတ်လုပ်သူက ထုတ်ထားပါလိမ့်မည်။ လိုအပ်ချက်ထက် တခါတရံပိုတိုက်မိလျှင် ကျောက်ကပ်က ဆီးထဲမှတဆင့် ထုတ်ပေး၍ ပြဿနာမရှိပါ။ သို့သော် ဆေးလုံးလေးများကို ပြဌာန်းထားသော dose ထက်အများကြီး ပိုသောက်ခြင်းက ရေရှည်ဖြစ်လာလျှင် ကျောက်ကပ်တွင် ကျောက်တည်တတ်သည်။ ဝမ်းသွားခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ အန်ခြင်း၊ ရင်ပူခြင်း၊ လေထိုးခြင်းတို့ဖြစ်တတ်သည်။

🍓(၄) ဗိုက်တာမင်စီနှင့် တုပ်ကွေး ၁၉၇၀ ကတည်းက ကမ္ဘာ့နိုင်ငံပေါင်းများစွာတွင် ဗိုက်တာမင်စီနှင့် တုပ်ကွေးဆက်နွယ်မှုကို သုတေသနပေါင်းများစွာ လုပ်ခဲ့သည်။ ဗိုက်တာမင်စီက ကိုယ်ခံအားကို ယေဘုယျအားဖြင့် ကောင်းစေသော်လည်း အအေးမိနှာစေးပိုးနှင့် တုပ်ကွေးပိုးအမျိုးမျိုးကူးစက်ခံရနိုင်ချေ ရာခိုင်နှုန်းကို အမှန်တကယ် လျှော့ချပေးကြောင်း မတွေ့ရှိပါ။ တုပ်ကွေးပိုးကူးစက်ခံရလျှင် ဗိုက်တာမင်စီသောက်၍ ရောဂါလက္ခဏာပြင်းထန်မှုနှင့် ကြာရှည်မှုကို လျှော့ချပေးကြောင်းမတွေ့ရှိပါ။

နေနေမိုးဆွေ (Child Health Myanmar)
Pictures- credits to Google Images Reference- Cochrane Library, National Institute of Health, USA, Health Direct: Australia Government

Saturday, July 28, 2018

ဘာကြောင့်ကလေးတွေကို W-Sitting ပေးမထိုင်သင့်သလဲ




ဘာကြောင့်ကလေးတွေကို W-Sitting ပေးမထိုင်သင့်သလဲ
 ===========================
ကလေးတွေတော်တော်များများ W-Sitting ပုံစံ ထိုင်လေ့ထိုင်ထရှိတတ်ကြပါတယ်။ အဲ့လိုအခါမျိုး မှာ မိဘတွေအနေနဲ့ အမှုမဲ့အမှတ်မဲ့မနေဘဲ ထိုင် တဲ့ပုံစံကိုပြောင်းပေးသင့်ပါတယ်။ ဘာကြောင့် ပြောင်းပေးသင့်သလဲဆိုတာလေးကို ဝေမျှပေး ပါရစေ။ W-Sitting ထိုင်ပုံထိုင်နည်းကြောင့် ကလေးတွေ မှာ ဖြစ်စေနိုင်တဲ့ဆိုးကျိုးတွေကတော့ -

၁။ အရိုးချွတ်ယွင်းမှုပြဿနာကို ဖြစ်ပေါ်စေခြင်း။
၂။ ကိုယ်နေဟန်ထားထိန်းညှိနိုင်ခြင်းဖွံ့ဖြိုးမှု နောက်ကျခြင်း။
၃။ ကြွက်သားကြီး ကြွက်သားငယ်တွေရဲ့ တစ်သန်ထဲဖွံ့ဖြိုးမှုကို နှောင့်နှေးစေခြင်းများကို ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် ကလေးရဲ့ တင်ပါးဆုံရိုး၊ တစ်ခေါက် ကွေးကြွက်သား၊ ဒူးဆစ်အတွင်းပိုင်းလှည့်နိုင်တဲ့ နေရာနဲ့ ခြေဖနှောင့် အပေါ်ပိုင်းကရိုးနုတွေပေါ်ကို ဖိအားတွေသက်ရောက်နေပါတယ်။ အဲ့ဒီဖိအား တွေကြောင့် အထက်မှာရေးခဲ့တဲ့ပြဿနာတွေ ဖြစ်နိုင်တဲ့အပြင် ခြေထောက်ခွင်သွားတာမျိုးတွေ ပါဖြစ်နိုင်ပါတယ်။ ပြီးတော့ ခြေထောက်နဲ့ တင်ပါးကြွက်သားတွေရဲ့သန်မာမှုနဲ့ ပူးပေါင်းလုပ် ဆောင်နိုင်မှုတွေကိုပါထိခိုက်နိုင်ပါတယ်။
ဒါကြောင့် ကလေးက W-Sitting ထိုင်နေပြီဆိုရင် ငြင်ငြင်သာသာနဲ့ တင်ပျဉ်ခွေထိုင်တဲ့ပုံစံ ဒါမှမဟုတ် ခြေထောက်စင်းထိုင်တဲ့ပုံစံမျိုးလေး တွေကိုပြောင်းပေးပါ။ နောက်တစ်ခုက သက် တောင့်သက်သာရှိမဲ့ ကလေးထိုင်ခုံလေးတွေပေါ် မှာထိုင်ခိုင်းတာမျိုးနဲ့ W-Sitting ထိုင်တဲ့အကျင့် ကိုဖျောက်ပေးနိုင်ပါတယ်ရှင်။

Su Yie Kyaw(YTTC) ထံမှ ဝေမျှလိုက်ပါတယ်ရှင်။

Tuesday, July 24, 2018

Sunday, July 22, 2018

Myanmar KG Songs

Myanmar KG Songs
http://www.mediafire.com/file/03ogc5ggg0ck2i9/Myanmar_KG_Songs.apk/file

ကလေးတို့အတွက် အင်္ဂလိပ်ကဗျာသီချင်းများ

ကလေးတို့အတွက်
အင်္ဂလိပ်ကဗျာသီချင်းများ
http://www.mediafire.com/file/ignaw5e1p36cbhi/001.mp4/file
http://www.mediafire.com/file/x88lic4v3dg55pg/002.mp4/file
http://www.mediafire.com/file/mbys00ury963uy6/003.mp4/file
http://www.mediafire.com/file/6on4n8b0ogwupr2/004.mp4/file
http://www.mediafire.com/file/4gt8qz5uq10uq4t/005.mp4/file
http://www.mediafire.com/file/1cf4l80yfwkocq6/007.mp4/file
http://www.mediafire.com/file/9z253k81n9n2z39/008.mp4/file
http://www.mediafire.com/file/j6e9vsqdh9wjmq5/009.mp4/file
http://www.mediafire.com/file/6p3db5uaqpm8vtq/010.mp4/file
http://www.mediafire.com/file/bg819hu1qcxdh2d/011.mp4/file
http://www.mediafire.com/file/56xxe061y5ao9ms/012.mp4/file
http://www.mediafire.com/file/7m46bes3lvatkig/%25E1%2580%259D%25E1%2580%259D%25E1%2580%25B1%25E1%2580%259C%25E1%2580%25B8%25E1%2580%259D%25E1%2580%25AD%25E1%2580%25AF%25E1%2580%2584%25E1%2580%25B9%25E1%2580%25B8%25E1%2580%259D%25E1%2580%25AD%25E1%2580%25AF%25E1%2580%2584%25E1%2580%25B9%25E1%2580%25B8%25E1%2580%25B1%25E1%2580%259B%25E1%2580%25B8_HD.mp4/file
http://www.mediafire.com/file/ph8d2aey9r1nri4/Old_MacDonald_Had_A_Farm_-_3D_Animation_English_Nursery_Rhymes_%2526_Songs_for_child_HD.mp4/file

ကလေးတို့အတွက်လိုအပ်သော အာဟာရဓာတ်များ

ကလေးတို့အတွက်လိုအပ်သော အာဟာရဓာတ်များ









ဂန္တဝင်မဂ္ဂဇင်းမှယူပါသည်

Saturday, July 21, 2018

သင်ထောက်ကူလေးတွေ

ရင်သွေးငယ်လေးတွေ စကားစပြောလာပြီဆိုတာနဲ့ ပထမဆုံးသင်ကြားပေးတဲ့သင်ခန်းစာဟာ ဘာကြောင့် အရောင်နဲ့ ပုံသဏ္ဍာန်လေးတွေ ဖြစ်နေရပါသလဲ။ အက္ခရာတွေနဲ့ နံပါတ်တွေမဖြစ်သင့်ဘူးလား။ ကြောင်တွေ၊ ခွေးတွေအကြောင်းကို စပြီးသင်ပေးလို့မရဘူးလား။ အဖြေကတော့ မရပါဘူးတဲ့။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္ထုတွေအားလုံးကို အခြေခံအားဖြင့် အရောင်ရယ်၊ ပုံသဏ္ဍာန်ရယ် နှစ်မျိုးပေါင်းစပ်ပြီး ဖွဲ့စည်းထားလို့ဖြစ်ပါတယ်။ ရင်သွေးငယ်လေးတွေဟာ သူတို့မြင်မြင်သမျှအရာဝတ္ထုတွေကို အရောင်တွေနဲ့ ပုံသဏ္ဍာန်တွေပေါ်မူတည်ပြီး အမျိုးအစားခွဲ၊ မှတ်သားနေကြပါတယ်။ ဒါကြောင့် ဒီအချိန်မှာ အရောင်တွေနဲ့ ပုံသဏ္ဍာန်တွေအကြောင်းကို ဆော့ကစားရင်း သင်ကြားပေးမယ်ဆိုရင် ရင်သွေးငယ်လေးတွေမြင်နေရတဲ့အရာတွေကို လေ့လာမှတ်သားတဲ့နေရာမှာ များစွာ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။
KG တန်းတွေမှာ အရေး၊ အဖတ်နဲ့ အတွက်အချက်တွေ မသင်ကြားခင်၊ အရောင်နဲ့ ပုံသဏ္ဍာန်တွေအကြောင်းကို သင်ကြားပေးရခြင်းဟာ ဒီရည်ရွယ်ချက်ကြောင့်ဖြစ်ပါတယ်။ အရောင်နဲ့ ပုံသဏ္ဍာန်တွေကို မြန်မြန်နားလည်လေလေ၊ သင်္ချာနဲ့ သိပ္ပံဘာသာရပ်သာမက စာဖတ်ခြင်းနဲ့ ဘာသာစကားဆိုင်ရာ ပညာရပ်တွေမှာပါ လျင်လျင်မြန်မြန် တတ်ကျွမ်းနားလည်လေလေ ဖြစ်ပါတယ်။ အရောင်နဲ့ ပုံသဏ္ဍာန်တွေရဲ့ တူညီမှုနဲ့ ခြားနားမှုတွေကို သိမြင်လာတဲ့ ရင်သွေးငယ်လေးတွေဟာ စကားလုံးတွေနဲ့ နံပါတ်တွေမှာလည်း တူညီမှုနဲ့ ခြားနားမှုတွေကို လွယ်လွယ်ကူကူ သိမြင်လာပြီး သင်ယူလေ့လာနိုင်စွမ်းတွေ တိုးတက်လာတာကိုတွေ့ရပါတယ်။
ဒါကြောင့် ရင်သွေးငယ်လေးတွေ လေးဘက်တွားအရွယ်ရောက်လာပြီး စကားစပြောလာပြီဆိုရင် အရောင်နဲ့ ပုံသဏ္ဍာန် ကတ်ပြားလေးတွေနဲ့ ဆော့ကစားရင်း ရင်သွေးငယ်လေးရဲ့ သင်ယူလေ့လာနိုင်စွမ်းတွေကို ကူညီ မြှင့်တင်ပေးနိုင်တဲ့အကြောင်း တင်ပြလိုက်ရပါတယ်။
ဖေဖေ၊ မေမေတွေနဲ့ သားသားမီးမီးလေးတွေ ထူးချွန်ထက်မြက်တဲ့ မိသားစုဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ။
Crd:
စိန်စံပါယ် ဘေဘီစတိုး
တပ်မလမ်း၊ထင်းတန်းလမ်းအနောက်ဘက်
အမှတ်(၄)ရပ်ကွက်၊ပခုက္ကူမြို့။
☎️ 09796787280.09799933395









အရုပ်ပုံသာမိုမီတာ

အရုပ်ပုံသာမိုမီတာ

အရုပ်ပုံသာမိုမီတာ ~ တစ်ခု 2300 ကျပ်
- သားသားမီးမီးလေးတွေအတွက်ရော၊ မေမေတို့အတွက်ပါ တစ်အိမ်မှာတစ်ခုရှိသင့်တဲ့ အဖျားတိုင်းသာမိုမီတာလေးတွေပါ။
- ခေါင်းပျော့လေးမလို့ ချိုင်းအောင်မှာရော၊ ပါးစပ်ထဲမှာပါ တိုင်းလို့အဆင်ပြေပါတယ်။
- On/Off ခလုတ်လေးလည်း ပါပြီး အပူချိန်ကို °C နဲ့ ပြပေးပါတယ်။
- 1min အတွင်း အပူချိန်ကို သိနိုင်ပါတယ်။
- ပြဒါးလုံးဝမပါဝင်တဲ့ ဒီဂျစ်တယ်သာမိုမီတာမလို့ သားသားမီးမီးလေးတွေအတွက် စိတ်ချပြီး သုံးပေးလို့ရပါတယ်။


 စိန်စံပါယ် ဘေဘီစတိုး
တပ်မလမ်း ထင်းတန်းလမ်းအနောက်ဘက် အမှတ် (၄) ရပ်ကွက် ပခုက္ကူမြို့
☎☎ 09799933395/09796787280 

ပလုတ်တုတ်ရုပ်

ပလုတ်တုတ်ရုပ်


ပလုတ်တုတ်ရုပ် ~ တစ်ခု 1200 ကျပ်
- သားသားမီးမီးလေးတွေအတွက် ဘယ်တော့မှရိုးမသွားတဲ့ ပလုတ်တုတ်ရုပ်လေးတွေပါ။
- လသားသားသားမီးမီးလေးတွေကနေ ကြီးတဲ့အထိ ကြိုက်ကြလို့ တစ်ခုဝယ်ထားရင် အကြာကြီးဆော့ကြပါတယ်။
- သစ်သားနဲ့လုပ်ထားတာမလို့ လက်ရာသေသပ်ပြီး ကြာရှည်ခံပါတယ်။

စိန်စံပါယ် ဘေဘီစတိုး
တပ်မလမ်း ထင်းတန်းလမ်းအနောက်ဘက်
အမှတ်(4)ရပ်ကွက်၊ပခုက္ကူ မြို့။

09799933395/09796787280

ထမင်းခြေရိုးရိုး Set

ထမင်းခြေရိုးရိုး Set



ထမင်းခြေရိုးရိုး Set - တစ်စုံ ၃၀၀၀ကျပ်
- သားသားမီးမီးလေးတွေကို ဖြည့်စွက်စာကျွေးတဲ့ချိန် မေမေတို့ အချိန်ကုန်၊ လူပင်ပန်းသက်သာစေဖို့  ထမင်းခြေလေးပါ။
- ထမင်းပျော့ပျော့လေးတွေကို ခွက်ထဲထည့်ပြီး သူ့မှာပါတဲ့ကြိတ်တာလေးနဲ့ ဖိဖိပြီး ခြေရတာပါ။
- ထမင်းသာမကဘဲ အသီးအနှံပျော့ပျော့တွေကိုလည်း သုံးလို့ရပါတယ်။

 စိန်စံပါယ် ဘေဘီစတိုး
တပ်မလမ်း ထင်းတန်းလမ်းအနောက်ဘက် အမှတ် (၄) ရပ်ကွက် ပခုက္ကူမြို့
☎☎ 09799933395/09796787280 

Banana သွားယားကိုက်သွားပွတ်တံ

Banana သွားယားကိုက်သွားပွတ်တံ


Banana သွားယားကိုက်သွားပွတ်တံ ~ တစ်ခု ၂၅၀၀ ကျပ်
- သားသားမီးမီးလေးတွေအတွက် သွားယားကိုက်အဖြစ်လည်းသုံးလို့ရ၊ သွားပွတ်တံအဖြစ်လည်းသုံးလို့ရတဲ့ ငှက်ပြောသီးပုံလေးတွေပါ။
- ဆီလီကွန်အပျော့လေးတွေမလို့ သားသားမီးမီးလေးတွေပါးစပ်နာတာမျိုးလည်းမဖြစ်စေပါဘူး။
- BPA Free မလို့ ရေနွေးနဲ့ဆေးချင်တဲ့မေမေတွေအတွက်လည်း အဆင်ပြေပါတယ်။

စိန်စံပါယ် ဘေဘီစတိုး
တပ်မလမ်း ထင်းတန်းလမ်းအနောက်ဘက် အမှတ် (၄) ရပ်ကွက် ပခုက္ကူမြို့
☎☎ 09799933395/09796787280 

အသီးစုပ်ချိုလိမ်

အသီးစုပ်ချိုလိမ်
အသီးစုပ်ချိုလိမ် ~ တစ်ခု ၂၀၀၀ ကျပ်
- သားသားမီးမီးလေးတွေကို အသီးကျွေးချင်တဲ့မေမေတို့အတွက် အသီးနင်မှာမပူရဘဲ ကျွေးလို့ရတဲ့ အသီးစုပ်ချိုလိမ်လေးတွေပါ။
- ချိုလိမ်ခေါင်းလေးထဲကို ကျွေးချင်တဲ့အသီးလေးတွေ လှီးစိတ်ထည့်ပေးပြီး သားသားမီးမီးတို့ကို ပေးကိုက်ထားရုံနဲ့ အသီးစိတ်လေးတွေက အရည်ကို ဆော့ရင်း၊ ကိုက်ရင်း သောက်လို့ရပါတယ်။
- အပေါက်လေးတွေပါတဲ့ ဆီလီကွန်အပျော့ချိုလိမ်ခေါင်းလေးက အသီးအဖတ်တွေကို စစ်ထုတ်ပေးပြီး အရည်လေးတွေပဲ သောက်လို့ရအောင် လုပ်ပေးပါတယ်။
- BPA Free မလို့ ရေနွေးနဲ့ဆေးချင်တဲ့မေမေတွေအတွက်လည်း အဆင်ပြေပါတယ်။


စိန်စံပါယ် ဘေဘီစတိုး
တပ်မလမ်း ထင်းတန်းလမ်းအနောက်ဘက် အမှတ် (၄) ရပ်ကွက် ပခုက္ကူမြို့
☎☎ 09799933395/09796787280 

ထမင်းခြေအစုံပါ Set

ထမင်းခြေအစုံပါ Set

ထမင်းခြေအစုံပါ Set - တစ်စုံ 3500 ကျပ်
သားသားမီးမီးလေးတွေကို ဖြည့်စွက်စာကျွေးတဲ့ချိန် မေမေတို့ အချိန်ကုန်၊ လူပင်ပန်းသက်သာစေဖို့ ထမင်းခြေ Set လေးပါ။
- ကျည်ပွေ့လေးနဲ့ ထောင်းလို့ရ၊ အနှစ်တိုက်လို့ရ၊ ခြေလို့ရ၊ အရည်ညှစ်လို့ရတာမလို့ တစ်မျိုးဝယ်ရုံနဲ့ လိုတာတွေ အစုံပါပါတယ်။
- ထမင်းသာမကဘဲ အသားငါး၊ အသီးအနှံတွေကိုလည်း သုံးလို့ရပါတယ်။

စိန်စံပါယ်ဘေဘီစတိုး
တပ်မလမ်း ထင်းတန်းလမ်းအနောက်ဘက်
အမှတ်(4)ရပ်ကွက်၊ပခုက္ကူ မြို့။
09799933395/09796787280

ကလေးခေါင်းရိတ်စက်/ဆံပင်ညှပ်စက်

ကလေးခေါင်းရိတ်စက်/ဆံပင်ညှပ်စက် ~ 💰 တစ်ဘူး ၆၀၀၀ ကျပ်



 - သားသားမီးမီးလေးတွေကို အိမ်မှာပဲ ဆံပင်တိုပေး၊ ကတုံးတုံးပေးချင်တဲ့ မေမေတို့အတွက် ကိုယ်တိုင်အလွယ်တကူလုပ်ပေးလို့ရတဲ့ ခေါင်းရိတ်စက်လေးတွေပါ။
- ဓားနဲ့ရိတ်သလိုမျိုးမဟုတ်ဘဲ စက်ကတ်ကြေးနဲ့ညှပ်သလိုမျိုးဖြစ်တာကြောင့် အသားလုံးဝ(လုံးဝ) မရှစေပါဘူး။
- ဘေဘီလေးတို့ အိပ်နေတဲ့အချိန်ရော၊ နိုးနေတဲ့အချိန်မှာပါ သုံးပေးလို့ အဆင်ပြေပါတယ်။
- ဆံပင်ကိုအပြောင်နီးပါးရိတ်လို့ရသလို 3mm, 6mm, 9mm နဲ့ 12mm ဆံပင်ချန်ပြီးလည်း ညှပ်လို့ရတာမလို့ ဆံပင်တိုပေးချင်တဲ့ မေမေတို့အတွက်လည်း အဆင်ပြေပါတယ်။
- အားသွင်းပြီးသုံးရတဲ့အမျိုးအစားမလို့ ပလပ်ကြိုးတန်းလန်းနဲ့လို ဓာတ်လိုက်မှာလည်း ကြောက်စရာမလိုပါဘူး
- သုံးပြီးတိုင်း စက်ကို သန့်ရှင်းရေးလုပ်၊ အသွားကိုဆီလေးထည့်ပြီး သေချာပြန်သိမ်းရင် သုံးလေးနှစ်ထိအသုံးခံပါတယ်။
**(အားတစ်ခါသွင်းရင် တစ်နာရီထက် ပိုမသွင်းရပါ)**


စိန်စံပါယ် ဘေဘီစတိုး
တပ်မလမ်း ထင်းတနိးလမ်းအနောက်ဘက်
အမှတ် (4) ရပ်ကွက် ပခုက္ကူ မြို့။
09799933395/09796787280

အသီးစုပ်ချိုလိမ်(ဂျောက်ဂျက်)

🍼အသီးစုပ်ချိုလိမ်(ဂျောက်ဂျက်)🍼 💸💸2500 ကျပ်





👶 မေမေတို့ရဲ့ ရင်သွေးလေးတွေကို ၆လပြည့်ရင် ဖြည့်စွတ်စာအနေနဲ့ သဘာဝ အသီးအနှံလေးတွေ
ကျွေးလို့ရပါပြီ 🍓🍊🥝🍇🍍🍉🍓
လိမ္မော်သီး၊စပျစ်သီး၊စတော်ဘယ်ရီသီး၊ဖရဲသီး စတဲ့အသီးလေးတွေကျွေးတဲ့အခါ ဒီတိုင်းကျွေးရင် အစေ့တွေ အဖတ်တွေနဲ့ ဆိုရင် baby လေးတွေ နင်တက်ပါတယ်
👍 အစေ့တွေမပါအောင် အရည်ချည်းသပ်သပ် စုပ်လို့ရတဲ့ အသီးစုပ် ချိုလိမ်လေးတွေနဲ့ ကျွေးခြင်းအားဖြင့် 👼🏻baby လေးတွေကို အစေ့တွေ အဖတ်တွေ နင်မှာ မစိုးရိမ်ရပါဘူး👌
👼🏻babyလေးတို့ အတွက်​ 🍓🍎🍒🍉အသီးအနှံ​လေး​တွေစား​ပေးတဲ့အ​လေ့အကျင့်​လည်းရ​စေပီး
Vitamin -C ဓာတ်​လည်းကြွယ်​၀​စေ​အောင်​ အသီးစားချိုလိမ်​​လေး​တွေနဲ့ သားသားမီးမီးတို့ကိုစတင်​နိုင်ပါပြီနော်👍
အားပေးမှု့ကို ကျေးဇူးတင်ပါတယ်ရှင့်

စိန်စံပါယ် ဘေဘီစတိုး
တပ်မလမ်း ထင်းတနိးလမ်းအနောက်ဘက် အမှတ် (4) ရပ်ကွက် ပခုက္ကူမြို့
09799933395/09796787280