Saturday, July 21, 2018

သင်ထောက်ကူလေးတွေ

ရင်သွေးငယ်လေးတွေ စကားစပြောလာပြီဆိုတာနဲ့ ပထမဆုံးသင်ကြားပေးတဲ့သင်ခန်းစာဟာ ဘာကြောင့် အရောင်နဲ့ ပုံသဏ္ဍာန်လေးတွေ ဖြစ်နေရပါသလဲ။ အက္ခရာတွေနဲ့ နံပါတ်တွေမဖြစ်သင့်ဘူးလား။ ကြောင်တွေ၊ ခွေးတွေအကြောင်းကို စပြီးသင်ပေးလို့မရဘူးလား။ အဖြေကတော့ မရပါဘူးတဲ့။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္ထုတွေအားလုံးကို အခြေခံအားဖြင့် အရောင်ရယ်၊ ပုံသဏ္ဍာန်ရယ် နှစ်မျိုးပေါင်းစပ်ပြီး ဖွဲ့စည်းထားလို့ဖြစ်ပါတယ်။ ရင်သွေးငယ်လေးတွေဟာ သူတို့မြင်မြင်သမျှအရာဝတ္ထုတွေကို အရောင်တွေနဲ့ ပုံသဏ္ဍာန်တွေပေါ်မူတည်ပြီး အမျိုးအစားခွဲ၊ မှတ်သားနေကြပါတယ်။ ဒါကြောင့် ဒီအချိန်မှာ အရောင်တွေနဲ့ ပုံသဏ္ဍာန်တွေအကြောင်းကို ဆော့ကစားရင်း သင်ကြားပေးမယ်ဆိုရင် ရင်သွေးငယ်လေးတွေမြင်နေရတဲ့အရာတွေကို လေ့လာမှတ်သားတဲ့နေရာမှာ များစွာ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။
KG တန်းတွေမှာ အရေး၊ အဖတ်နဲ့ အတွက်အချက်တွေ မသင်ကြားခင်၊ အရောင်နဲ့ ပုံသဏ္ဍာန်တွေအကြောင်းကို သင်ကြားပေးရခြင်းဟာ ဒီရည်ရွယ်ချက်ကြောင့်ဖြစ်ပါတယ်။ အရောင်နဲ့ ပုံသဏ္ဍာန်တွေကို မြန်မြန်နားလည်လေလေ၊ သင်္ချာနဲ့ သိပ္ပံဘာသာရပ်သာမက စာဖတ်ခြင်းနဲ့ ဘာသာစကားဆိုင်ရာ ပညာရပ်တွေမှာပါ လျင်လျင်မြန်မြန် တတ်ကျွမ်းနားလည်လေလေ ဖြစ်ပါတယ်။ အရောင်နဲ့ ပုံသဏ္ဍာန်တွေရဲ့ တူညီမှုနဲ့ ခြားနားမှုတွေကို သိမြင်လာတဲ့ ရင်သွေးငယ်လေးတွေဟာ စကားလုံးတွေနဲ့ နံပါတ်တွေမှာလည်း တူညီမှုနဲ့ ခြားနားမှုတွေကို လွယ်လွယ်ကူကူ သိမြင်လာပြီး သင်ယူလေ့လာနိုင်စွမ်းတွေ တိုးတက်လာတာကိုတွေ့ရပါတယ်။
ဒါကြောင့် ရင်သွေးငယ်လေးတွေ လေးဘက်တွားအရွယ်ရောက်လာပြီး စကားစပြောလာပြီဆိုရင် အရောင်နဲ့ ပုံသဏ္ဍာန် ကတ်ပြားလေးတွေနဲ့ ဆော့ကစားရင်း ရင်သွေးငယ်လေးရဲ့ သင်ယူလေ့လာနိုင်စွမ်းတွေကို ကူညီ မြှင့်တင်ပေးနိုင်တဲ့အကြောင်း တင်ပြလိုက်ရပါတယ်။
ဖေဖေ၊ မေမေတွေနဲ့ သားသားမီးမီးလေးတွေ ထူးချွန်ထက်မြက်တဲ့ မိသားစုဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ။
Crd:
စိန်စံပါယ် ဘေဘီစတိုး
တပ်မလမ်း၊ထင်းတန်းလမ်းအနောက်ဘက်
အမှတ်(၄)ရပ်ကွက်၊ပခုက္ကူမြို့။
☎️ 09796787280.09799933395









No comments:

Post a Comment